#တစ်ကယ်ရောတန်သလား???
#တစ်ကယ်ရောတန်သလား??? *********************** ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။ ကျားငယ်က မေးပါတယ်။ " အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။ သိက္ခာမကျဘူးလား အဖေ " တဲ့ ၊ ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။ " ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊ ကျားငယ်ခေါင်းခါပါတယ်! " ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? " ကျားငယ်က ခေါင်းခါပြန်တယ်! " ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊ လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တု ကိုက်နေကြတာ " တဲ့။ #သင်ခန်းစာ တစ်စုံတစ်ယောက်၏ စော်ကားမော်ကား အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက် တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။ Credit;original uploader မျက်ဝန်း (...


